ကျောက်ဆည်မြို့နယ်၊ ရဲရမန်းကြိုးဝိုင်းအတွင်းတရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၂-၁၂-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ရဲရမန်းကြိုးဝိုင်းအကွက်အမှတ်(၃၆၊ ၃၇၊ ၁၁၂)အတွင်း တရားမဝင် ကျွန်း/ပျဉ်းကတိုး/တောင်သရက်/မအူ/အင်ကြင်းသစ်/ခွဲသား (၁၉၈)လုံး/ချောင်း (၁၅.၈၈၃၀)တန်နှင့် လက်ကိုင်လွှစက်(၂)လုံးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, January 2, 2020 - 13:00