သန်လျင်မြို့နယ်၊ မုတ္တမပင်လယ်၊ သုံးခွမြို့နယ်အနီး တရားမဝင်စက်လှေ(၂)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၉-၁၂-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သင်္ဃန်းကျွန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် တပ်မတော်ရေမှ ဗိုလ်ကြီးသန့်ဇင်ဦး ဦးစီးသော တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သန်လျင်မြို့နယ်၊ မုတ္တမပင်လယ်၊ သုံးခွမြို့နယ်၊ အရှေ့တောင်ဘက်(၁၈)မိုင်ခန့် အကွာနေရာ၌ စက်လှေ(၂)စီးပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၂၁၀)ချောင်း (၃၅.၉၇၂၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, January 7, 2020 - 11:15