ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမဘေးမှ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃၁-၁၂-၂၀၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကော့ကရိတ်မြို့နယ်၊ မြို့မဘိနယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမဘေးမှ မော်တော်ယာဉ် အမှတ် (YGN 4J-6675) FUSO (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် တောင်သရက်ခွဲသား (၂၄၇)ချောင်း (၇.၉၅၅၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, January 7, 2020 - 11:45