မိုင်းတုံမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၁၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်ဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သောအဖွဲ့သည် မိုင်းတုံမြို့နယ်၊ မဲကင်ဂူကြိုးဝိုင်းနှင့် လွယ်ပွတ်ကြိုးဝိုင်းအတွင်းတို့မှ တရားမဝင် ပိတောက်/ကျွန်း ခွဲသားဆိုဒ်စုံ(၁၁၀)ချောင်း (၁၇.၂၈၇၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, January 7, 2020 - 11:45