လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်ခွဲအတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂-၁-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်ခွဲ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ အကောက်ခွန်ဦးစီးဌာနအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ သန္နီမြို့နယ်ခွဲ၊ လားရှိုး-မူဆယ်လမ်းမကြီးဘေး မိုင်းလီရွာဟောင်းအနီး၊ မိုင်တိုင်အမှတ်(၁၉၄/၃) ယာဉ် (၁)စီးပေါ်မှ တရားမဝင် တမလန်း/ပိတောက် ဓါးရွေ/ခွဲသား(၁၅)ချောင်း (၀.၂၉၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, January 7, 2020 - 11:45