မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း (၁၀၀)ဧကတည်ထောင်စိုက်ပျိုးပြီးစီးခြင်း အခမ်းအနားကျင်းပပြုလုပ်

မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း (၁၀၀)ဧက တည်ထောင်စိုက်ပျိုးပြီးစီးခြင်း အခမ်းအနားကို (၄-၁-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီ၌ နေပြည်တော်-ကံပြားလမ်း၊ မိုင်တိုင်အမှတ်(၁၃/၅) ငလိုက် ကြိုးဝိုင်း၊ အကွက်အမှတ်(၂၉၊ ၃၀)၊ ဥတ္တရသီရိမြို့နယ် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဥက္ကဌ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၊ နေပြည်တော်ကောင်စီဝင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခြင်းနှင့် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း(၁၀၀)ဧက ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာ ရည်ဖြင့် ဖျန်းပက်ဖွင့်လှစ်ပေးခဲ့ပါသည်။
ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း(၁၀၀)ဧက စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များရှင်းလင်းတင်ပြရာတွင် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် ဂေဟစနစ်ဖြည့်တင်း ရေးစိုက်ခင်း (၁၀၀)ဧကသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်း အကွက်အမှတ် (၂၉၊ ၃၀)၊ နေပြည်တော်- မကွေး-ကံပြားလမ်း မိုင်တိုင်အမှတ် (၁၃/၂ မှ ၁၃/၇)ဘေး အမှတ်(၂၁၆) နေပြည်တော်-မကွေး-ကံပြားလမ်း မိုင်တိုင်အမှတ် (၂၈/၁)ဘေး၌ တည်ရှိပါကြောင်း၊
၂၀၁၉ ခုနှစ် မှ ၂၀၂၃ ခုနှစ်၊ စိုက်ခင်းသက်တမ်း(၅) နှစ်အထိ ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုနယ် မြေ၊ နေပြည်တော်၊ ညွှန်ကြားရေးမှူး၊ ဥတ္တရခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဥတ္တရသီရိ မြို့နယ်၊ ဦးစီးအရာရှိတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် စိုက်ခင်းတာဝန်ခံ တောအုပ်ကြီး(၁)ဦး၊ ငလိုက် ကြိုးဝိုင်း၊ အကွက်အမှတ် (၂၉၊ ၃၀)၌ တောအုပ်(၁)ဦး၊ တောခေါင်း(၂)ဦး၊ တောကြပ်(၁)ဦး တို့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
စိုက်ပျိုးသည့် သစ်မျိုးများမှာ ကျွန်းနှင့် သစ်မာအုပ်စု (၁) ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ သင်္ဃန်း၊ အင်ကြင်း၊ သစ်ယာအပါအဝင် စုစုပေါင်း သစ်မျိုးစုံ(၉၇)မျိုး စိုက်ပျိုးထားပြီး ပန္နက်အကွာ အဝေးမှာ ၆'×၆' ပန္နက်ဖြင့် (၁၀)ဧကနှင့် ၉'×၉' ပန္နက်ဖြင့် (၉၀)ဧက စိုက်ပျိုးထားပြီး စိုက်ပင် အရေအတွက် ၆'×၆' ပန္နက်ဖြင့် (၁၂,၁၀၀)ပင်နှင့် ၉'×၉' ပန္နက်ဖြင့် (၄၈,၆၀၀)ပင်၊ စုစုပေါင်း (၆၀,၇၀၀)ပင် စိုက်ပျိုးထားပါကြောင်း ရှင်းလင်းပြောကြားပါသည်။
ထို့နောက်ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံကျောက် မျက်ရတနာလုပ်ငန်းရှင် များအသင်းမှ အဖွဲ့ဝင်များ လိုက်ပါ၍ စိုက်ခင်းအတွင်းသို့ လှည့်လည်ကြည့်ရှုကြပါသည်။
ဆက်လက်၍ တောင်တွင်းကြီးမြို့နယ် အတွင်းရှိ တရုတ်မြန်မာချစ်ကြည်ရေးစိုက်ခင်း သို့သွားရောက်ကာ နေပြည်ကောင်စီဝင် ၊ မြန်မာနိုင်ငံကျောက် မျက်ရတနာလုပ်ငန်းရှင် များအား စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုအား လိုက်လံပြသပါသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဥက္ကဌ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း၊ နေပြည်တော်ကောင်စီဝင်၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ကြပါသည်။

date: 
Wednesday, January 8, 2020 - 10:45