ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့် ကြပ်ကြည့်ရှုသတင်းပို့စနစ် CMRS ဖြင့် သတင်းပေးပို့ချက်အရ ၈-၁-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေး စခန်းတာဝန်ကျ သစ်တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ ကျောက်ချောဘိနယ်သစ်တောစခန်းရှေ့တွင် မန္တလေးဘက်မှ ပြင်ဦးလွင်ဘက်သို့မောင်းနှင်လာသော ယာဉ်အမှတ် (MDY 5F-1560 )SUZUKI အဖြူရောင်ယာဉ်ပေါ်မှ မီးစက်ပုံးခွံအလွတ်အတွင်းထည့်သွင်းသယ်ဆောင်လာသည့် တရားမဝင် ပိတောက်ခွဲသား (၂၈)ချောင်း (ဝ.၈၁၉၄)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။။

date: 
Thursday, January 9, 2020 - 12:00