မယ်စဲ့မြို့နယ်၊ သံလွင်မြစ် အရှေ့ဘက်ခြမ်း(၂)ကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၅-၁-၂၀၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မယ်စဲ့မြို့နယ်၊ သံလွင်မြစ် အရှေ့ဘက်ခြမ်း(၂)ကြိုးပြင်ကာကွယ်တောအမှတ်(၃၄၀)မယ်ဆည်နန်ကျေးရွာအရှေ့မြောက်ဘက်(၈)မိုင်ခန့် အကွာနေရာတွင် တရားမဝင်ပိတောက်သစ်/ခွဲသား(၁၀၇)လုံး/ချောင်း (၃.၁၉၂၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, January 9, 2020 - 12:00