ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-ရွှေချောင်းလမ်းတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၅-၁-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တိုင်းဒေသကြီးမှုခင်းအကူဌာနမှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-ရွှေချောင်းလမ်းတွင် မော်တော်ယာဉ်အမှတ် (4P/6309) CHENG LONG ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(9A4202) NISSAN ယာဉ်များတို့နှင့်အတူ တရားမဝင်ပိတောက်ဓါးရွေ (၁၃၆)ချောင်း (၅.၈၈၀၄)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, January 9, 2020 - 12:00