လယ်ဝေးမြို့နယ်၊ မြို့ရှောင်လမ်းဆုံနေရာရှိ လုံခြုံရေးအခြေပြုစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၆-၁-၂၀၂၀ ရက်နေ့တွင် နေပြည်တောင်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ မြို့ရှောင်လမ်းဆုံနေရာရှိ လုံခြုံရေးအခြေပြုစစ်ဆေးရေးဂိတ်နေရာ၌ မော်တော်ယာဉ် အမှတ် (BGO 4G/2510) UD NISSAN DIESEL (၂၂)ဘီး ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ဓါးရွေ(၆၄)ချောင်း (၁၅.၁၉၀၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, January 9, 2020 - 12:00