နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၆၇.၈၀၀၄)တန်၊ သစ်မာ(၆၀.၃၆၉၆)တန်၊ အခြား (၁၈၀.၉၈၃၅)တန်၊ စုစုပေါင်း(၃၀၉.၁၅၃၅)တန်၊ တရားခံ(၃၆)ဦး၊ ယာဉ်/ယန္တရား(၂၄)စီး ဖမ်းဆီး ရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၁-၁-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းဘိနယ်၊ ကြပ်ကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာအနီးမှ တရားမဝင် တောင်သရက်ခွဲသား (၁၁၁)ချောင်း (၁၇.၆၀၄၄) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Thursday, January 9, 2020 - 12:15