မင်းတုန်းမြို့နယ်၊ မင်းတုန်းရိုးမကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၇-၁-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မင်းတုန်းသစ်ထုတ်ရေးနယ်(၁)မှ ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် မင်းတုန်းမြို့နယ်၊ မင်းတုန်းရိုးမကြိုးဝိုင်းအကွက်အမှတ် (၉၊၁၀)အတွင်း တရားမဝင် ကျွန်းခွဲသား(၆၀)ချောင်း (၇.၀၇၆၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, January 10, 2020 - 13:30