သထုံမြို့နယ် (တွဲဘက်) ပေါင်မြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၆-၁-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ် (တွဲဘက်) ပေါင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရပ်မိရပ်ဖအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇင်းဘာ- မုတ္တမကျွဲခြံကျေးရွာချင်းဆက်လမ်း မိုင်တိုင်အမှတ်(၀/၁)နေရာမှ ယာဉ်အမှတ်၊ MDY 6M/8714 (Yunnan Lifan Junma၊ အဖြူရောင် ၆ ဘီး) ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၃၃၄၈)ချောင်း (၅.၁၅၄၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, January 10, 2020 - 13:30