အမ်းမြို့နယ်၊ သစ်ပုတ်ပင်ဒိုင်ကျေးရွာအနီး အမ်းချောင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၇-၁-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အမ်းမြို့နယ်၊ သစ်ပုတ်ပင်ဒိုင်ကျေးရွာ၏ မြောက်ဘက်(ဆူးပုတ်ကုန်း ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ) အမ်းချောင်းအတွင်း တရားမဝင်သင်ပုန်းခွဲသား (၅၅)ချောင်း (၅.၂၈၈၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, January 10, 2020 - 13:30