အုတ်တွင်းမြို့နယ်၊ ဖြူးကွန်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၇-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ဖြူးကွန်းကြိုးဝိုင်း အကွက်အမှတ်(၁၁)၊ (၂၉)နေရာမှ တရားမဝင် ပျဉ်းကတိုး/ကျွန်းခွဲသား(၆၆)ချောင်း (၇.၆၀၃၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, January 10, 2020 - 13:30