မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးနေရာတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ ကျေးတောင်ဦးရွာ အရှေ့ဘက်(၂)ဖာလုံခန့်အကွာ၊ ချင်းတွင်းမြစ်ကမ်းဘေးနေရာမှ တရားမဝင် ကျွန်း/အင်သစ်(၃၇)လုံး (၁၈.၇)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်

date: 
Monday, January 13, 2020 - 10:45