ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း- ဂွကားလမ်းဘေးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၁-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်နှင့် ဂွမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း- ဂွကားလမ်းဘေး၊ မိုင်တိုင်အမှတ်(၁၄/၀)နှင့် (၁၄/၁)ကြားနေရာမှ ယာဉ်အမှတ်၊ 9G/5833 (HINO၊ ၁၂ ဘီး၊ ခေါင်းပြာ ကိုယ်ထည်ခဲရောင်ယာဉ်ပေါ်မှ တရားမဝင် တောင်သရက်ခွဲသား(၅၆)ချောင်း (၈.၅၃၄၈)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, January 13, 2020 - 11:00