ထီးချိုင့်မြို့နယ်၊ ကလုံကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၀-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ ကလုံကြိုးဝိုင်း အကွက် အမှတ်(၅၂)နေရာမှ တရားမဝင် ကျွန်း/ကညင်/အင်သစ်/ခွဲသား(၂၄၄)လုံး/ချောင်း (၁၀.၆၂၆)တန်၊ ချိန်းဆော (၁)လက်၊ အင်ဂျင်(၁)လုံး၊ လွှဝိုင်း(၁)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းတို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, January 14, 2020 - 13:45