ဒီးမော့ဆိုမြို့နယ်တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၀-၁-၂၀၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ စစ်ဖက်ရေးရာစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီးမော့ဆိုမြို့နယ်၊ တော်ခူကျေးရွာ အရှေ့တောင် ဘက်(၄)မိုင်ခန့်အကွာ စခန်းလိုချောင်းအနီးမှ တရားမဝင် ပိတောက်သစ်/ခွဲသား(၅၇)လုံး/ချောင်း (၇.၂၅၇)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, January 14, 2020 - 13:45