မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှ တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၁၂-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ မောက္ကတော်ကျေးရွာအရှေ့ဘက် ချင်းတွင်းမြစ်အတွင်းမှ တရားမဝင် ကျွန်း/သစ်ယာ/ကျွန်းပကာခွဲသား(၁၀၇၀)ချောင်း (၂၇.၀၁၅၆)တန်၊ သံခွံမော်တော်(၁)စီးတို့ နှင့်အတူ တရားခံ(၆)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, January 14, 2020 - 13:45