ဟုမ္မလင်းမြို့နယ်၊ တုံစီကျေးရွာအနီးတွင် တရားမဝင်သစ်စက်ဆက်ပစ္စည်းများနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၁-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ တုံစီကျေးရွာ၏ အရှေ့ဘက်(၇)မိုင်ခန့်အကွာနေရာ၌ ချန်ချိုင်း(၂၂) ကောင်အင်ဂျင်(၁)လုံးပါ တရားမဝင်သစ်စက်ဆက်ပစ္စည်းများနှင့် တရားမဝင်အင်ခွဲသား (၁၁၁၂)ချောင်း (၁၇.၈၉၂၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, January 14, 2020 - 13:45