အရာတော်မြို့နယ်၊ မုံရွာ- အရာတော်- ရွှေဘိုသွားကားလမ်းတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင် သစ်များဖမ်းဆီးရမိ

၁၂-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ဘုတလင်မြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အရာတော်မြို့နယ်၊ မုံရွာ- အရာတော်- ရွှေဘိုသွားကားလမ်း မိုင်တိုင်အမှတ်(၂၇/၁)နှင့် (၂၇/၂)အကြားတွင် မော်တော်ယာဉ်အမှတ် (MDY 4G/8967) ယာဉ်ပေါ်မှ တရားမဝင် တမလန်းခွဲသား (၂၁)ချောင်း (၂.၈၆၄၆)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, January 14, 2020 - 13:45