ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင်ကာကွယ်တောနှင့် စဖျင်ကြိုးဝိုင်းတို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၁-၁-၂၀၂၀ ရက်နေ့မှ ၁၂-၁-၂၀၂၀ ရက်နေ့ထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းခြင်း ဆောင်ရွက်လျက်ရှိရာ ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင်ကာကွယ်တောအတွင်းနှင့် စဖျင်ကြိုးဝိုင်းအတွင်း နေရာများ၌တရားမဝင်ကျွန်း/ပျဉ်းကတိုး/သစ်/ခွဲသား (၃၄၉)လုံး/ချောင်း(၃၈.၁၀၄၄)တန်၊ တရားမဝင်မီးသွေး (၄၅)ပေါင်ဝင်အိတ် (၁၀၈)လုံး(၁၇.၂၈)တန်၊ တူမီးသေနက်(၁)လက်၊ ချိန်းဆော(၁)လက်တို့အားအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, January 14, 2020 - 14:30