မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ မိုးမောက်- လွယ်ဂျယ်ကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၃-၁-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရတခမရ(၅၂၁)တပ်မှ ဦးစီး(၁)စိတ်၊ အထွေထွေအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လွယ်ဂျယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့ဝင်များ၊ စ.ရ.ဖတပ်ဖွဲ့ဝင်များကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ မိုးမောက်- လွယ်ဂျယ်ကားလမ်း၊ ဝိန်းခမ်းကျေးရွာအနီး မော်တော် ယာဉ်အမှတ်၊ (O/1382) NISSAN DIESEL (၆) ဘီး၊ ဖြူ/စိမ်းကြား ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား ဆိုဒ်စုံ(၁၂၆၉)ချောင်း (၃.၃၀၉၆)တန်အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, January 16, 2020 - 12:00