ရမည်းသင်းမြို့နယ်၊ နေပြည်တော်- မန္တလေးအမြန် လမ်းမကြီးတရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၁၅-၁-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ်၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ နေပြည်တော်- မန္တလေးအမြန် လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၄၆/၆)အနီးနေရာ၌ တရားမဝင်သင်းဝင်/နဘဲ/ကတီ/သံသေ/ရုံးခွဲသား(၅၅) ချောင်း(၈.၇၁၂၄)တန်အားသတင်းအရလိုက်လံဖမ်းဆီးရာသစ်များလှန်ချထွက်ပြေးသွားသဖြင့် သစ်တင်ယာဉ် ခဲရောင် မော်တော်ယာဉ်အမှတ်၊(YGN 9N/8102)FAW(၆)ဘီးယာဉ်နှင့် ရှေ့ပြေးလမ်းရှင်းကား မော်တော်ယာဉ် အမှတ် (MDY 5G/7400) (ခွေးဘီလူး)ယာဉ်တို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအမြန်လမ်း ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, January 16, 2020 - 12:30