လွိုင်လင်မြို့နယ်အတွင်း မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၃-၁-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်တပ်နယ်ကွပ်ကဲမှုအောက်၊ တထခွဲ(၁၃)မှ တပ်ဖွဲ့ဝင်များအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ခိုလမ်- ကျိုင်းတောင်း- ကွန်ဟိန်းသွားကားလမ်းမ၊ နောင်ဖာကန် အဝင်လမ်း ယာဉ်အမှတ်၊ 7K/8306 နှင့် 9I/9201 (Super Custom၊ ၄ ဘီး၊ အဖြူရောင်) ယာဉ်(၂)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား(၄၈)ချောင်း (၁.၁၇၅၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံ များအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

date: 
Thursday, January 16, 2020 - 12:45