မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၄-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်း အကွက်အမှတ်(၁၂)၊ (၁၈)၊ (၂၀)နေရာမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ ထောက်ကြံ့သစ် (၃၂)လုံး (၁၅.၆၃၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, January 16, 2020 - 12:45