တန့်ဆည်မြို့နယ်၊ နတ်စင်တောင်(မဟာမြိုင်)စုပေါင်းစစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်လက်ကိုင်စက်လွှများ ဖမ်းဆီးရမိ

၁၅-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ဆည်မြို့နယ်၊ နတ်စင်တောင်(မဟာမြိုင်)စုပေါင်းစစ်ဆေးရေးစခန်းနေရာ၌ မော်တော်ယာဉ် အမှတ် (5J/5883) NISSAN UD (၁၂)ဘီး ယာဉ်ပေါ်မှ တရားမဝင်လက်ကိုင်စက်လွှ(၈၀)လုံးအား တရားခံ(၂)ဦးနှင့် အတူဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, January 17, 2020 - 13:45