တပ်ကုန်းမြို့နယ်၊ ထန်းတပင်ကျေးရွာအဝင်လမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၁၅-၁-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ်၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ထန်းတပင်ကျေးရွာအဝင်လမ်းဘေးနေရာ၌ မော်တော်ယာဉ်အမှတ်(2G/6472) FORLAND Light Truck (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ဖျောက်ဆိပ်/ သစ်ဖြူသစ်(၈)လုံး (၀.၂၈၂၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား သစ်တောဥပဒေ ဖြင့် အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, January 17, 2020 - 14:00