ပဲခူးမြို့နယ်၊ တောင်ဇာမရီကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းခွဲသားများအား ဒူးလေး(၁)လက်၊ လေသေနက်(၂)လက်၊ တူမီးသေနက်(၁)လက်၊ ချိန်းဆော(၂)လက်တို့နှင့်အတူ ဖမ်းဆီးရမိ

၁၄-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အမှတ်(၇၇)ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်လျက်ရှိရာ ပဲခူးမြို့နယ်၊ တောင်ဇာမရီကြိုးဝိုင်း အကွက် အမှတ်(၅၇)၊ ဖြူးချောင်းဘေးတွင် တရားမဝင်ကျွန်းခွဲသား (၁၀၀)ချောင်း (၁၄.၄၉၇၆)တန်အား ဒူးလေး(၁)လက်၊ လေသေနက်(၂)လက်၊ တူမီးသေနက်(၁)လက်၊ ချိန်းဆော(၂)လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, January 17, 2020 - 14:00