မိုးမိတ်မြို့နယ်၊ မိုးမိတ်-မိုးကုတ်သွားကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၄-၁-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခလရ(၂၂၃)မှ ဗိုလ်ကြီးနေလင်းထွန်းပါ တပ်မတော် သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ မိုးမိတ်-မိုးကုတ်သွားကားလမ်းတွင် မော်တော်ယာဉ်အမှတ် (MDY 8H/3011) NISSAN Diesel Counter (ခေါင်းဖြူ) ယာဉ်ပေါ်မှ တရားမဝင်ကျွန်း/ပိတောက်ခွဲသားဆိုဒ်စုံ(၂၃၄၄)ချောင်း (၆.၉၄၇၂)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, January 17, 2020 - 15:30