အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာ၊ သုဿာန်တောင်ဘက်(၁)ဖာလုံခန့်အကွာ နေရာ၌ တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၁၇-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာ၊ သုဿာန်တောင်ဘက်(၁)ဖာလုံခန့်အကွာ နေရာ၌ တရားမဝင်ကျွန်းခွဲသား(၆၇)ချောင်း(၆.၈၃၂၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Monday, January 20, 2020 - 10:30