ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိမှု

၁၆-၁-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သစ်တောဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဘိုင်ဘင်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ညောင်ပင်သာကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်မဲ ခရိုင်၊ မဘိမ်းမြို့နယ်၊ ညောင်ပင်သာဘိနယ်၊ အုံဒုတ်ကြိုးဝိုင်းအကွက်အမှတ်(၁၄)၊ ခမ မပည KG-380093 နေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အင်ကြင်း/အင် သစ်/ခွဲသား(၃၉၅)လုံး/ချောင်း (၂၇.၀၆၇၂)တန် အား သစ်စက်အင်ဂျင်(၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သတ်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, January 20, 2020 - 10:30