မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ(၃)တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၉-၁-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ(၃)၊ နဝင်းအေးဘုန်းကြီးကျောင်းဝန်းအတွင်း တရားမဝင်ပျဉ်းကတိုး/အင်ကြင်း/လက်ပံ/ဒီဒူး/နှော/ ကြို့/ထောက်ကြံ့ခါဲသား (၂၈၄)ချောင်း (၁၅.၉၇၅၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သောတရားခံများအားစုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, January 21, 2020 - 14:30