အင်းတော်မြို့နယ်၊ တပ်လွင်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၉-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ တပ်လွင်ကြိုးဝိုင်းအကွက် အမှတ်(၅၀၊ ၅၃၊ ၅၄)အတွင်း တရားမဝင်ကျွန်းသစ်/ခွဲသား(၂၁၈)လုံး/ချောင်း (၃၅.၈၈၇၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, January 22, 2020 - 11:15