လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်ခွဲအတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၁-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်ခွဲ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ အဖွဲ့သည် လားရှိုးမြို့နယ်၊ သန္နီမြို့နယ်ခွဲ၊ လားရှိုး-မူဆယ်၊ ပြည်ထောင်စုလမ်းမကြီးဘေး မိုင်တိုင် (၂၀၃/၆)ကောာင်းဟော်ကျေးရွာအနီး မော်တော်ယာဉ်အမှတ်(MDY 3I/7906) TOYOTA Crown (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်/တမလန်းဓါးရွေး (၉)ချောင်း(၀.၂၅၇၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, January 23, 2020 - 12:15