ရေတာရှည်မြို့နယ်၊ အနောက်ဆွာကြိုးဝိုင်းအတွင်း တရားမဝင်သစ်က်(၂)လုံးနှင့်တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၆၀၄)ဒုံးတပ်ရင်း၊ ဗိုလ်ကြီးဉာဏ်လင်းထက် ဦးစီးသော တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ အနောက်ဆွာကြိုးဝိုင်းအကွက်အမှတ်(၈၉၊ ၁၄၂၊ ၁၄၃)အတွင်း (၂၂)ကောင်အင်ဂျင်(၂)လုံးပါ တရားမဝင်သစ်စက်နှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် ကျွန်းသစ်/ခွဲခြမ်း(၈၈)လုံး/ခြမ်း(၁၅.၉၈၂၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, January 23, 2020 - 13:00