ကော့သောင်းမြို့နယ်၊ ကော့သောင်း-ဘုတ်ပြင်းကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၁-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကော့သောင်းမြို့နယ်၊ ပါချန်ကြိုးဝိုင်းအကွက်အမှတ်(၁၉၀) ကော့သောင်း-ဘုတ်ပြင်းကားလမ်းမိုင်တိုင်အမှတ်(၂၂၈/၁)နှင့် (၂၂၈/၂)ကြား နေရာ၌ မော်တော်ယာဉ်အမှတ် (TNI 2H/6230) Forland ယာဉ်ပေါ်မှ တရားမဝင်ကံ့ကော်/ သမီးလောင်း/ ကျွဲဒညင်း ခွဲသား (၁၆၅)ချောင်း (၃.၄၂၃၈)တန်အား တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, January 23, 2020 - 13:15