အုတ်တွင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အမှတ်(၆)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဗိုလ်ကြီးဇော်ဝင်းဌေးဦးစီးသောတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း အကွက် အမှတ်(၂၁၉)မှ တရားမဝင် ပျဉ်းကတိုး/ကျွန်း သစ်/တိုင်(၂၇)လုံး (၄.၈၁၆)တန်၊ လုံးပတ်(၃)ပေအောက် ကျွန်းသစ်(၂၃)လုံး(၂.၆၅၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Friday, January 24, 2020 - 09:45