လှည်းကူးမြို့နယ် အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၁-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ် ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ဘိုသိုးအင်းကျေးရွာ၊ ကျောက်ဖြူတောင်ဘုန်း တော်ကြီးကျောင်းလမ်း၊ ကြက်ခြံအနီးလမ်းဘေး ကွက်လပ်မှ တရားမဝင် တောင်သင်္ဘော/သံသေခွဲသား (၅၀၄)ချောင်း(၄.၂၂၆၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, January 24, 2020 - 09:45