လက်ပံတန်းမြို့နယ်၊ တောင်ဇာမရီကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လက်ပံတန်းမြို့နယ်၊ တောင်ဇာမရီကြိုးဝိုင်းအကွက်အမှတ်(၈၁)အတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား (၂၁၃)ချောင်း (၁၀.၃၁၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, January 24, 2020 - 09:45