အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်

၂၇-၁-၂၀၂၀ ရက်နေ့၊ နံနက်(၉:၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဒေါက်တာ သန့်ရှင်း(လက်ထောက်ညွှန်ကြားရေးမှူး) သစ်တောသုတေသနဌာနက ထိုင်းနိုင်ငံတွင် (Capacity building workshop on reporting progress made toward the achievement of the Global Forest Goals and targets of the UN Strategic Plan on Forests 2030(UNSPF) )တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်း ဆွေးနွေးခြင်း၊ ဦးလွင်ကိုဦး(ဦးစီးအရာရှိ) ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနက ဂျပန်နိုင်ငံ တွင် (ဂေဟစနစ်အခြေခံသည့် သဘာဝအန္တရာယ် လျော့ချရေးဆိုင်ရာသင်တန်း) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း၊ ဒေါ်ခင်ငြိမ်းစံ (ဦးစီးအရာရှိ)သဘာဝဝန်းကျင် နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက လာအိုနိုင်ငံတွင်( The Sixth ASEAN Heritage Parks Conference) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဒေါ်ညိုမီထွန်း(ဦးစီးအရာရှိ) သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာနက ထိုင်းနိုင်ငံတွင်(Science-Policy Dialogue on the IPBES Asia-Pacific Regional Assessment for South-East Asia and North-East Asia Subregion) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်း ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

date: 
Monday, January 27, 2020 - 11:30