ဝါးမှမျှစ်ထုတ်လုပ်ခြင်းနှင့် ကြိမ်ပရိဘောဂပြုလုပ်ခြင်းသင်တန်းကျငိးပပြုလုပ်

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပလျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် များ အနက် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ “ဝါးမှ မျှစ်ထုတ်လုပ်ခြင်းနှင့် ကြိမ် ပရိဘောဂ ပြုလုပ်ခြင်းသင်တန်း”ကို (က) သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများမှ တန်ဖိုးမြှင့် ပရိဘောဂပစ္စည်းများ၊ လက်မှုပစ္စည်းများနှင့် စားသောက်ကုန်များ ထုတ်လုပ် ခြင်းဖြင့် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သင်တန်းများ ပေးရန် (ခ) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအခြေပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး လာစေပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို ပိုမိုအားကောင်းလာစေရန် (ဂ) ဒေသခံ ပြည်သူ များ၏ အသက်မွေးဝမ်းကျောင်းအတွက် သစ်တောများအပေါ် မှီခိုနေမှုများ လျော့ချနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်လျက်ရှိပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသားများအဖြစ် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်း တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများမှ အဖွဲ့ဝင်(၂၅)ဦးနှင့် ပြင်ပအဖွဲ့ အစည်းဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ တောဒဂုံမြို့နယ်၊ Classic Home Co. Ltd မှ စိတ်ပါဝင်စားသူ(၂)ဦး၊ စုစုပေါင်း (၂၇)ဦး တက်ရောက်လျက်ပါသည်။ သင်တန်းဆရာများအဖြစ် ဝါးမျိုးပွားခြင်းနှင့် ပျိုးထောင်စိုက်ပျိုးခြင်း၊ ကြိမ်အကြောင်း သိကောင်းစရာ စသည့် ဘာသာရပ်များအား သစ်တောဦးစီးဌာန၊ သစ်တောသုတေသန ဌာနမှ ဦးအောင်ဇော်မိုး(သုတေသနအရာရှိ)နှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းအကြောင်းအား ဦးနေမျိုးဝင်း(ဦးစီးအရာရှိ)တို့မှ စာတွေ့သင်ကြား ပို့ချကြပြီး မျှစ် ထုတ်လုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မျှစ်ထွက်ကုန် ထုတ်လုပ်နည်း များ၊ မျှစ်ထုတ်လုပ်ခြင်း စသည့် ဘာသာရပ်များအား ဒေါ်ခင်မေလွင် (သုတေသနအရာရှိ-အငြိမ်းစား)မှ စာတွေ့သင်ကြားပို့ချခြင်းအပြင် စားသောက်ကုန် ထုတ်လုပ်ခြင်းကို လက် တွေ့သရုပ်ပြ သင်ကြားခဲ့ပါသည်။ ထို့အပြင် လက်တွေ့သင်ကြားခြင်းအား မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်းမှ ဦးသောင်းအေး၊ Classic Home Co. Ltd မှ ကြိမ်လက်မှု ပစ္စည်း ကျွမ်းကျင်သူများ ဖြစ်သည့် ဦးဝင်းကျော်၊ ဦးချစ်စံဦး၊ ဒေါ်မြသိင်္ဂီစိုးနှင့် ဒေါ်ဇာဖြူ၊ စသည့် ဆရာ/ဆရာမ(၄)ဦးတို့မှ သင်ကြားပို့ချလျက်ရှိပါသည်။

date: 
Monday, January 27, 2020 - 13:45