ကွန်ဟိန်းမြို့နယ်၊ ကွန်ဟိန်းတံတားပေါ်မှ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၄-၁-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ကြီး)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ စစ်ဗျူဟာ(အခြေချ)မှ ဗိုလ်ကြီး သန့်ဇော်လင်း၊ စ.ရ.ဖ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ ကွန်ဟိန်းတံတားပေါ်မှ မော်တော်ယာဉ်အမှတ်- (3B-8279) Nissan (၁၀)ဘီး (ဖြူ/ပြာ)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ (၁၄၇)ချောင်း (၄.၆၀၃၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, January 28, 2020 - 11:45