မတ္တရာမြို့နယ်၊ ဝန်တင်ကုန်းကျေးရွာအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၄-၁-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မတ္တရာမြို့နယ်၊ ဝန်တင်ကုန်းကျေးရွာ၏ အရှေ့ဖက်(၁)မိုင်ခန့်အကွာ တောစပ်တွင် တရားမဝင်ပျဉ်းကတိုး/အင်/သဒီသစ် (၇၉)လုံး/ခြမ်း(၃၀.၃၃၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, January 28, 2020 - 11:45