အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာအုပ်စု၊ ဂရံကျေးရွာအနီးတွင် တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာအုပ်စု၊ ဂရံကျေးရွာ၏ အနောာက်ဘက်(၂)ဖာလုံခန့်အကွာနေရာ၌ တရုတ်နီအင်ဂျင်(၁)လုံးပါ သစ်စက်ဆက် ပစ္စည်းများနှင့်အတူ တရားမဝင်ကျွန်းသစ်(၃၃)လုံး (၆.၄၆၆၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, January 28, 2020 - 13:30