ကောလင်းမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၅-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် သစ်တောဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့၊ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ လ/ထညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကောလင်းမြို့နယ်၊ ကောလင်း-ဥက္ကံသွား ကားလမ်း၊ ဂွေးတောက်ကျေးရွာတောင်ဘက်(၆)ဖာလုံခန့်အကွာ မော်တော်ယာဉ်အမှတ်(MDY-9H/ 3731) CDW-757 SINOTRUK အနီရောင်(၆)ဘီး(၁)စီးပေါ်မှ တရားမဝင် အင်ခွဲသား(၃၀၉)ချောင်း(၄.၉၁၉၂)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, January 28, 2020 - 13:30