ရေတာရှည်မြို့နယ်၊ စဖျင်ကြိုးဝိုင်းအတွင်း မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တောင်ငူခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတို့ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ စဖျင်ကြိုးဝိုင်းအကွက်(၁၊ ၂)အတွင်း မော်တော်ယာဉ်အမှတ်မပါ (FAW)ယာဉ် (၁)စီး၊ ချိန်းဆော(၂)လက်၊ တရားမဝင်ကျွန်းသစ်/ခွဲသား(၅၀)လုံး/ချောင်း(၄.၆၆၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, January 28, 2020 - 13:30