ဟုမ္မလင်းမြို့နယ်၊ ရွာမတပ်ကုန်းရွာအနီးတွင် တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၆-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ ရွာမတပ်ကုန်းရွာ၊ အနောက်တောင်ဘက်(၅)မိုင်ခန့်အကွာနေရာ၌ တရားမဝင်ချန်ချိန်း(၂၂)ကောင်အင်ဂျင်(၁)လုံးပါ သစ်စက်နှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် အင်သစ်/ခွဲသား(၂၇၃)လုံး/ချောင်း (၈.၃၆၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, January 29, 2020 - 10:15