နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၂၉.၃၉၄၉)တန်၊ သစ်မာ(၁၀၂.၆၇၆၁)တန်၊ အခြား (၁၆၃.၉၆၉၂)တန်၊ စုစုပေါင်း(၃၉၆.၀၄၀၂)တန်၊ တရားခံ(၂၈)ဦး၊ ယာဉ်/ယန္တရား(၂၈)စီး ဖမ်းဆီး ရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၁-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသ ကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ဆည်တော်ကြီးဘိနယ်၊ အောက်မတ္တရာတိုးချဲ့ကြိုးဝိုင်း အကွက်အမှတ်(၆၂)၊ ဆည်တော်ကြီးဆည်အတွင်း၊ အမှတ်(၂)တံတားအောက်/ အကွက်အမှတ် (၃၃)၊ ဝန်တင်ကုန်းကျေးရွာမြောက်ဘက် (၁)မိုင်ခန့်အကွာ/ အကွက်အမှတ်(၃၁)၊ အေးသာယာ ကျေးရွာမြောက်ဘက်(၂)မိုင်ခန့်အကွာ နေရာတို့မှ တရားမဝင် ပျဉ်းကတိုး/ အင်ကြင်း /အင် သစ်လုံး/ခွဲသား (၄၉၁)လုံး/ချောင်း(၄၁.၈၆၄၂)တန်၊ မော်တော်(၁)စီး၊ သစ်စက်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ အင်ဂျင်(၁)လုံးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, January 29, 2020 - 13:45